ခေါင်းစဉ် - သတင်းကောင်းပြောစို့
ဆို - အဖွဲ့
( ကြားဖူးလား)၂ အနူလေးယောက်အကြောင်းကို
သူတို့ခမျာ နေစရာမရှိလို့ မြို့ပြင်မှာနေရရှာ
မြို့ထဲသွားရင် ခဲနဲ့ပေါက်မှာ သူတို့ခမျာ မသက်သာ
ဒီအတိုင်းပဲ ဆက်နေရင် အစာငတ်ပြီး သေမှာ
ရှုရိတပ်ထဲသွားကာ အသနာခံတာ
ဘယ်သူမှမတွေ့ပါ ပစ္စည်းဥစ္စာစားစရာတွေများသာ
ဝမ်းမြောက်ဝမ်းသာ စားလိုက်ကြတာ သိမ်းဆည်းလိုက်ကြတာ
ဒီအတိုင်းပဲမနေပါ မြို့ထဲသွားကာ သတင်းကောင်းပြောကြတာ (ဟေ့)
ချစ်တဲ့မိတ်ဆွေ ဘုရားရဲ့မေတ္တာ သတင်းကောင်းပြောစို့လား။